30-50% off hundreds of digital assets! WordPress themes, video, music and more 30-50% Off Go to Sale
Advertisement
  1. Design & Illustration
  2. Text Effects
Design

သုံးဖက်မြင် စပိန်စတိုင် စာသားဒီဇိုင်း ကို Adobe Illustrator မှာ ဘယ်လို ဖန်တီးမလဲ။

by
Difficulty:BeginnerLength:ShortLanguages:
This post is part of a series called Text Effects .
How to Create a Kwanzaa Candle Text Effect in Adobe Illustrator
How to Create a Half-Blurred Text Effect in Adobe Illustrator

Burmese (မြန်မာစာ) translation by Saw Aung Thinn (you can also view the original English article)

Final product image
What You'll Be Creating

အောက်က အဆင့်တွေကနေ သုံးဖက်မြင် စပိန်စတိုင် စာသားဒီဇိုင်း ကို Adobe Illustrator မှာ ဘယ်လို ဖန်တီးရမလဲ ဆိုတာကို လေ့လာပါမယ်။

ကနဦး စဆွဲတဲ့ သူတွေအတွက် စာသားအတွက် ရိုးရှင်းတဲ့ နောက်ခံ ပုံရိပ်ကို ဘယ်လို ဖန်တီးမလဲ၊ အခြေခံစာသား တွေကို ဘယ်လို ထည့်မလဲ ဆိုတာ လေ့လာပါမယ်။ စာသားတွေနဲ့ Appearance panel ကိုသုံးပြီး နောက်ဆုံးစာသား ဒီဇိုင်းကို ဘယ်လို ဖန်တီးရမလဲ ဆိုတာ လေ့လာပါမယ်။ fill လေးခု၊ stroke တစ်ခု၊ အသွင်ပြောင်းမှုတွေ၊ 3D Rotate effects၊ Gaussian Blur နဲ့ အခြေခံ ရောစပ်မှု နည်းစနစ်တွေ လိုပါတယ်။

စာသားဒီဇိုင်းတွေကို လှပဖို့ ဒါမှမဟုတ် ချိန်ညှိဖို့ အတွက်၊ ပိုပြီး ဆန်းသစ်ဖို့ အတွက် GraphicRiver မှာ ရင်းမြစ်တွေကို ရှာနိုင်ပါတယ်။

ဘာတွေလိုမလဲ။

ဒီ ပရောဂျက် ကို ပြီးစီးဖို့ အောက်က အရင်းမြစ်တွေ ကို လိုပါလိမ့်မယ်။

၁၊ Document အသစ်တစ်ခုနဲ့ နောက်ခံပုံရိပ် ကိုဘယ်လို ဖန်တီးမလဲ။

အဆင့် ၁

Document အသစ်တစ်ခု ဖန်တီးဖို့ Control-N ကိုနှိပ်ပါ။ Units drop-down menu ကနေ Pixels ကို ရွေးပါ။ width အကွက်မှာ 850 ဖြည့်ပြီး height အကွက်မှာ 600 ဖြည့်ပါ။ ပြီးရင် More Settings ကို နှိပ်ပါ။ Color Mode အတွက် RGB ကို ရွေးပါ။ Raster Effects ကို Screen (72 ppi) ထားထားပါ။ ပြီးရင် Create Document ကို နှိပ်ပါ။

ပုံရဲ့ အရွယ်အစားနဲ့ တည်နေရာကို အချိန်တပြေးညီ ကြည့်နိုင်ဖို့ Info panel (Window > Info) ကို ဖွင့်ထားပါ။ Edit > Preferences > Units ကနေ အတိုင်းအတာ ယူနစ်ကို pixels သတ်မှတ်ထားဖို့ မမေ့ပါနဲ့။

new document

အဆင့် ၂

Rectangle Tool (M) ကိုယူပြီး Toolbar ကိုကြည့်ပါ။ Stroke ထဲက အရောင်ကို ဖယ်ပြီး fill ကိုရွေးပါ။ သူ့ အရောင်ကို R=137 G=147 B=150 ထားပါ။

Rectangle window ကိုဖွင့်ဖို့ ပုံဆွဲဧရိယာ (artboard) ပေါ်တစ်ချက် နှိပ်ပါ။ Width ကို 870 pxHeight ကို 620 px ထားပါ။ ပြီးရင် OK ကို နှိပ်ပါ။ သင့်ရဲ့ ပုံအသစ်ကို အောက်က ပုံအတိုင်း ပုံဆွဲဧရိယာ တစ်ခုလုံး ကို ဖုံးနေအောင် လုပ်ထားပါ။

background rectangle

၂၊ စာသားကို ဘယ်လို ဖန်တီးမလဲ။

အဆင့် ၁

Type Tool (T) ကို နှိပ်ပြီး Character panel (Window > Type > Character) ကို ဖွင့်ပါ။ Etna font ကို ရွေးပါ။ စာလုံး အရွယ်အစား ကို 100 px ထားပြီး tracking ကို 100 ထားပါ။

ပုံဆွဲဧရိယာပေါ် နှိပ်ပြီး အောက်က စာသားတွေကို ရိုက်ထည့်ပါ။ စာသားက "ဘဝရဲ့ အကောင်းဘက်ကို အမြဲကြည့်ပါ" ကို စပိန်ဘာသာ စကားနဲ့ အဓိပ္ပာယ် ဖွင့်ထားတာပါ။ အခု အရောင်ကို အမည်းရောင် ထားပါ။

type tool

အဆင့် ၂

စာသားကို select မှတ်ပါ။ Swatches panel (Window > Swatches) ဆီသွားပါ။ [None] အကွက်ကို နှိပ်ပြီး အမည်းရောင် စာသားကို ဖယ်ထုတ်ပါ။

Appearance panel (Window > Appearance) ကိုသွားပါ။ Add New Fill သုံးပြီး fill အသစ်ထည့်ပါ။ fill အသစ်ကို ရွေးပြီး အရောင်ကို R=249 G=62 B=73 ထားပါ။

add new fill

၃၊ သုံးဖက်မြင် စပိန်စတိုင် စာသားဒီဇိုင်းကို ဘယ်လို ဖန်တီးမလဲ။

အဆင့် ၁

စာသားကို select မှတ်ထားဆဲ ဖြစ်နေပါစေ။ Appearance panel ကို သွားပါ။ fill ကို ရွေးပြီး Effect > 3D > Rotate ကိုသွားပါ။ အောက်က အချက်အလက်တွေ အတိုင်း ဖြည့်ပြီး OK ကိုနှိပ်ပါ။

3D rotate

အဆင့် ၂

စာသားကို select မှတ်ထားဆဲ ဖြစ်နေပါစေ။ Appearance panel ကို ဆက်ကြည့်ပါ။

ဒုတိယ fill တစ်ခု ကို ထပ်ပေါင်းပါ။ select မှတ်ပါ။ သူ့ကို တခြား fill အောက် ဆွဲချပါ။အရောင်ကို R=206 G=17 B=38 ထားပါ။ Effect > 3D > Rotate ကိုသွားပါ။ အောက်က အချက်အလက်တွေ အတိုင်း ဖြည့်ပါ။ OK ကို နှိပ်ပြီး Effect > Distort & Transform > Transform ကိုသွားပါ။ Move-Vertical ဘားကို 0.25 px ရွှေ့ပါ။ Copies အကွက်ထဲမှာ 20 ဖြည့်ပါ။ ပြီးရင် OK ကိုနှိပ်ပါ။

add new fill

အဆင့် ၃

စာသားကို select မှတ်ထားဆဲ ဖြစ်နေပါစေ။ ပြီးရင် Appearance panel ကို ကြည့်ပါ။

တတိယ fill တစ်ခု ကို ထပ်ထည့်ပြီး select မှတ်ထားပါ။ သူ့ကို တခြား fill တွေအောက် ဆွဲချပါ။ ပြီးရင် အရောင်ကို အမည်းရောင် (R=0 G=0 B=0) ထားပါ။ Opacity ကို 50% ထိလျော့ချပြီး Blending Mode ကို Soft Light ပြောင်းလိုက်ပါ။ ပြီးရင် Effect > 3D > Rotate ကို သွားပါ။ အောက်က အချက်အလက်တွေ အတိုင်း ဖြည့်ပြီး OK ကို နှိပ်ပါ။ ပြီးရင် Effect > Distort & Transform > Transform ကိုသွားပါ။ အောက်ပုံက ပြင်ဆင်ချက် အတိုင်း ဖြည့်ပါ။ OK ကို နှိပ်ပြီး Effect > Blur > Gaussian Blur ကိုသွားပါ။ Radius ကို 8 px ထားပြီး OK ကိုနှိပ်ပါ။

gaussian blur

အဆင့် ၄

စာသားကို select မှတ်ထားဆဲ ဖြစ်နေပါစေ။ Appearance panel ကိုသွားပါ။

အမည်းရောင် fill ကိုရွေးပြီး Duplicate Selected Item ခလုတ်ကို သုံးပြီး ပွားလိုက်ပါ။ အသစ်ထည့် ခဲ့တဲ့ fill ကို ရွေးပြီး Opacity ကို 5% ထိ လျော့ချပါ။ ပြီးရင် Gaussian Blur effect ကို ဖယ်ထုတ်ပါ။

second black fill

အဆင့် ၅

စာသားကို select မှတ်ထားဆဲ ဖြစ်နေပါစေ။ Appearance panel ကိုသွားပါ။

Stroke ကိုရွေးပါ။ ပြီးရင် သူ့အရောင်ကို အဖြူရောင် (R=255 G=255 B=255) ထားပါ။ Stroke ရဲ့ Weight ကို 4 px တိုးပြီး Effect > Path > Offset Path ကိုသွားပါ။ -2 px Offset ဖြည့်ပြီး OK ကိုနှိပ်ပါ။ ပြီးရင် Effect > 3D > Rotate ကိုသွားပါ။ အောက်က အချက်တွေအတိုင်း ဖြည့်ပါ။ OK ကိုနှိပ်ပါ။ ပြီးရင် Effect > Distort & Transform > Transform ကိုသွားပါ။ Move-Vertical ဘားကို -20 px ထိရွေ့ပါ။ OK ကိုနှိပ်ပါ။

stroke

ဂုဏ်ယူပါတယ်။ ပြီးစီးပါပြီ။

ဒါကတော့ သုံးဖက်မြင် စပိန်စတိုင် စာသားဒီဇိုင်း ဘယ်လို မြင်ရမလဲ ဆိုတာ ပါပဲ။ ဒီသင်ခန်းစာ ကို နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်။ နောက်ပိုင်း ပရောဂျက်တွေ မှာလည်း ဒီနည်းကို အသုံးချနိုင်မယ် လို့လည်း မျှော်လင့်ပါတယ်။ သင့်ရဲ့ အပြီးသတ် ပုံကို comments မှာ မျှဝေဖို့ ဝန်မလေးပါနဲ့။

သင့်ရဲ့ စိတ်ကူးထဲက အတိုင်း ဒီဇိုင်းကို ကြိုက်သလို ပြင်ဆင်နိုင်ပါတယ်။ GraphicRiver မှာ အသစ်အဆန်း ရင်းမြစ်တွေကို ရှာနိုင်ပါတယ်။ ဒီဇိုင်း လှပဖို့ အတွက် စိတ်ဝင်စားဖွယ် ဆွဲသားနည်း တွေလည်းရှာနိုင်ပါတယ်။

Spanish 3D Text Effect

သင်ခန်းစာတွေကို ထပ်ပြီးရှာနေသလား။ အောက်က သင်ခန်းစာတွေကို လေ့လာဖို့ အကြံပြုပါတယ်။

Advertisement
Advertisement
Looking for something to help kick start your next project?
Envato Market has a range of items for sale to help get you started.