Advertisement
  1. Design & Illustration
  2. Patterns
Design

ဖဲချပ် အဆင်ဒီဇိုင်းကို Adobe Illustrator မှာ ဘယ်လို ဆွဲမလဲ။

by
Difficulty:BeginnerLength:ShortLanguages:

Burmese (မြန်မာစာ) translation by Saw Aung Thinn (you can also view the original English article)

Final product image
What You'll Be Creating

Adobe Illustrator မှာ ဖဲချပ် အဆင်ဒီဇိုင်း ကို ဘယ်လို ဖန်တီးမလဲ၊ ဘယ်လို သိမ်းမလဲ၊ ဘယ်လို ပြန်သုံးမလဲ ဆိုတာကို အောက်က အဆင့် တွေကနေ လေ့လာပါမယ်။

ကနဦး စဆွဲတဲ့ သူတွေအတွက် သာမန် grid တစ်ခုကို ဘယ်လို တည်ဆောက် မလဲ၊ vector ဆွဲနည်း စနစ် ကိုသုံးပြီး ဖဲပွင့် သင်္ကေတ လေးခုကို ဘယ်လို ဖန်တီးမလဲ ဆိုတာ လေ့လာပါမယ်။ ဆက်ပြီး အဆင်ဒီဇိုင်းကို ဘယ်လို ဖန်တီးပြီး ဘယ်လို သိမ်းဆည်း မလဲ ဆိုတာ ကို လေ့လာပါမယ်။ နောက်ဆုံးမှာ ဒီအဆင် ဒီဇိုင်းကို ဘယ်လို အသုံးချမလဲ၊ အသွင်ပြောင်း နည်းစနစ် သုံးပြီး ဘယ်လို ပြင်ဆင်ရမလဲ ဆိုတာ လေ့လာပါမယ်။

အဆင်ဒီဇိုင်း ကို ပြင်ဆင်ဖို့နဲ့ ပိုလှအောင် လုပ်ဖို့ စိတ်ကူး အသစ်အဆန်း တွေ အတွက် GraphicRiver မှာ ရင်းမြစ်တွေ ကို ရှာနိုင်ပါတယ်။

၁၊ Document အသစ်တစ်ခုနဲ့ grid တစ်ခုကို ဘယ်လို ဖန်တီးမလဲ။

Document အသစ်တစ်ခု ဖန်တီးဖို့ Control-N ကို နှိပ်ပါ။ Units drop-down menu ကနေ Pixels ကို ရွေးပါ။ width နဲ့ height အကွက် မှာ 850 ဖြည့်ပါ။ Advanced ကို နှိပ်ပါ။ Color Mode မှာ RGB ကို ရွေးပါ။ Raster Effects ကို Screen (72 ppi) ထားပြီး Create Document ကို နှိပ်ပါ။

Grid သုံးဖို့ (View > Show Grid) နဲ့ Snap ဖြစ်ဖို့ (View > Snap to Grid) လုပ်ထားပါ။ Grid တစ်ခုနဲ့ တစ်ခု ကြား 5 px ဖြစ်ဖို့ လိုပါမယ်။ ဒါကြောင့် Edit > Preferences > Guides > Grid ကိုသွားပြီး Gridline every မှာ 5 ဖြည့်ပြီး Subdivisions မှာ 1 ဖြည့်ပါ။ ဒီ grid တွေနဲ့ အလုပ်လုပ်တဲ့ နေရာမှာ အာရုံ မများအောင် Control-" ကို သုံးပြီး grid တွေကို ဖျောက်ထား/ ဖော်ထားနိုင် ပါတယ်။

Andrei Stefan ရဲ့ Adobe Illustrator ရဲ့ grid စနစ် ကို နားလည် သဘောပေါက်ခြင်း ဆိုတဲ့ သင်ခန်းစာကနေ Illustrator ရဲ့ grid စနစ် အကြောင်း ကို ပိုပြီး လေ့လာနိုင် ပါတယ်။

ပုံတွေနဲ့ အရွယ်အစား နဲ့ တည်နေရာ တွေကို အချိန်နဲ့ တပြေးညီ သိအောင် Info panel (Window > Info) ကို လည်း ဖွင့်ထားသင့်ပါတယ်။ Edit > Preferences > Units ကနေ အတိုင်းအတာ ယူနစ်ကို pixels ထားဖို့ မမေ့ပါနဲ့။ ဒီ ရွေးချယ်မှု တွေက သင့်ရဲ့ အလုပ်လုပ် နှုန်းကို မြန်ဆန်စေ ပါတယ်။

setup grid

၂၊ ညှင်း သင်္ကေတ ကို ဘယ်လို ဖန်တီးမလဲ။

အဆင့် ၁

Rectangle Tool (M) ကို ယူပြီး Toolbar ကို ကြည့်ပါ။ Stroke မှာရှိတဲ့ အရောင် ကို ပယ်ပြီး fill ကို ရွေးပါ။ သူ့အရောင်ကို အမည်းရောင် (R=137 G=147 B=150) ထားပါ။ ပုံဆွဲ ဧရိယာ ဘက်သွားပြီး 20 x 10 px ထောင့်မှန်စတုဂံ ကို ဖန်တီးပါ။ Grid နဲ့ the Snap to Grid က ဒါကို လွယ်အောင် လုပ်ပေးပါတယ်။

Toolbar ဘက်ပြန်သွား ပြီး လက်ရှိ fill အရောင်ကို အဝါရောင် နဲ့ အစားထိုးပါ။ Ellipse Tool(L) ကို နှိပ်ပြီး 20 px စက်ဝိုင်း နှစ်ခုကို ဖန်တီးပါ။ ပြီးရင် ဒုတိယ ပုံမှာ ပြထားတဲ့ အတိုင်း တိတိကျကျ နေရာချပါ။

rectangle tool

အဆင့် ၂

Move Tool (V) ကိုသုံးပြီး ဖန်တီး ထားတဲ့ ပုံတွေကို select မှတ်ပါ။ Pathfinder panel (Window > Pathfinder) ကို ဖွင့်ပြီး Minus Front ကို နှိပ်ပါ။ ရလာတဲ့ ပုံကို select မှတ်ပြီး Control-C နှိပ်ပြီး ကော်ပီ ကူးထားပါ။

pathfinder

အဆင့် ၃

Toolbar ဘက်ပြန်သွားပြီး fill အရောင် ကို အမည်းရောင် ထားပါ။ Ellipse Tool (L) ကို နှိပ်ပြီး 20 px စက်ဝိုင်း ၃ ခု ဖန်တီးပါ။ ပြီးရင် ပထမ ပုံမှာ ပြထားတဲ့ အတိုင်း တိတိကျကျ နေရာချ ထားပါ။ Rectangle Tool (M) ကို နှိပ်ပြီး 10 px စတုရန်း တစ်ခု ဖန်တီးပါ။ ပြီးရင် ဒုတိယ ပုံကအတိုင်း နေရာချ ထားပါ။

ဖန်တီးထားတဲ့ ပုံအားလုံးကို select မှတ်ပါ။ Pathfinder panel ကနေ Unite ကို နှိပ်ပါ။ ပြီးရင် ရလာတဲ့ ပုံကို compound path ဖြစ်ဖို့ Control-8 ကို နှိပ်ပါ။ ဒါဆို ညှင်း သင်္ကေတ ဖြစ်လာပါမယ်။

clubs symbol

၃၊ ဖူး သင်္ကေတ ကို ဘယ်လို ဖန်တီးမလဲ။

အဆင့် ၁

Ellipse Tool (L) ကိုသုံးပြီး 40 x 50 px ရှိတဲ့ ပုံကို ဖန်တီးပါ။ အမည်းရောင် ထားထားပါ။ Rectangle Tool (M) ကို နှိပ်ပါ။ 40 x 25 px ရှိတဲ့ ပုံကို ဖန်တီးပါ။ အရောင်ကို အဝါရောင် ထားပြီး ဒုတိယ ပုံကအတိုင်း နေရာချထားပါ။ ပုံ ၂ပုံလုံးကို select မှတ်ပြီး Pathfinder panel ထဲက Minus Front ကို နှိပ်ပါ။

ရလာတဲ့ ပုံရဲ့ အပေါ်နား ကိုသွားပြီး Anchor Point Tool (Shift-C) ကိုယူပါ။ ထိပ် anchor point ကို နှိပ်ပြီး သူ့လက်တံ တွေကို တတိယ ပုံကအတိုင်း ဘေးကို ဆွဲချပေးပါ။

anchor point tool

အဆင့် ၂

ရှေ့အဆင့်က လုပ်ထားတဲ့ ပုံကို အာရုံစိုက်ပါ။ Direct Selection Tool (A) ကို ယူပါ။ အောက်ခြေ anchor point တွေကို မှတ်ပြီး သူတို့ရဲ့ လက်တံတွေ ကို ပထမပုံမှာ ပြထားတဲ့ အတိုင်း ဆွဲချပါ။

Alt ကို နှိပ်ထားပြီး အပေါ်ဘက် anchor point ဘက်သွားပါ။ သူတို့ရဲ့ လက်တံတွေ ကို ဒုတိယ ပုံကအတိုင်း ဆွဲချပေးပါ။

direct selection tool

အဆင့် ၃

Ellipse Tool (L) ကိုသုံးပြီး 20 px စက်ဝိုင်း နှစ်ခုကို ဖန်တီးပါ။ ပြီးရင် သူတို့ကို ဒုတိယ ပုံမှာ ပြထားတဲ့ အတိုင်း အတိအကျ နေရာချပါ။ ပုံ၂ခုလုံး ကို select မှတ်ထားပြီး သူတို့ကို compound path (Control-8) ပြောင်းပေးပါ။

Rectangle Tool (M) ကိုယူပြီး 40 x 10 px ပုံကို ဖန်တီးပါ။ ပြီးရင် ဒုတိယ ပုံအတိုင်း နေရာချ ပေးပါ။ ဒီ ထောင့်မှန်စတုဂံ ပုံကို ခုနက ဖန်တီးထားတဲ့ compound path နဲ့ အတူတူ select မှတ်ပါ။ ပြီးရင် Pathfinder panel ကနေ Minus Front ကို နှိပ်ပါ။

minus front

အဆင့် ၄

ပထမပုံမှာ ပြထားတဲ့ ပုံ၂ပုံကို select မှတ်ပြီး Pathfinder panel ကနေ Unite ကို နှိပ်ပါ။ ရှေ့ပိုင်း အဆင့်မှာ ဆွဲခဲ့တဲ့ ပုံကို ပြန်ခေါ်သုံးဖို့ Control-V ကို နှိပ်ပါ။ ပုံအသစ်ကို ဒုတိယပုံ မှာ ပြထားတဲ့ အတိုင်း နေရာချပါ။

အသည်းပုံ ဇောက်ထိုး (တတိယပုံမှာ ပြထားတယ်) ကို select ပြန်မှတ်ပြီး ကော်ပီကူး (Control-C) ပါ။ ဖူးသင်္ကေတပုံ ဖြစ်တဲ့ ပုံနှစ်ပုံ ကို select မှတ်ပြီး compound path (Control-8) ပြောင်းပါ။

paste

၄၊ ဘိန့် သင်္ကေတ ကို ဘယ်လို ဖန်တီး မလဲ။

အဆင့် ၁

ကော်ပီးကူး ထားတဲ့ အသည်းပုံ ဇောက်ထိုးပုံ ကို နေရာပြန်ချပါ (Control-V)180 ဒီဂရီ လှည့်လိုက်ပါ။

rotate

အဆင့် ၂

အသည်းပုံကို အာရုံစိုက် ပါ။ Direct Selection Tool (A) ကိုယူပါ။ အောက်ခြေ အစွန်းမှတ်ကို select ပြီး 5 px အောက်ကို ဆွဲချပါ။ နောက်ပြီး လက်တံ နှစ်ခုကို select မှတ်ပြီး တတိယ ပုံကအတိုင်း ဆွဲချပေးပါ။ ရလာတဲ့ ပုံက ဘိန့် သင်္ကေတပုံ ဖြစ်ပါတယ်။

heart shape

၅၊ ထောင့် သင်္ကေတ ကို ဘယ်လို ဖန်တီးမလဲ။

Rectangle Tool (M) ကိုယူပြီး 40 px စတုရန်း တစ်ခု ဖန်တီးပါ။ အမည်းရောင် ဖြည့်ပါ။ Object > Path > Add Anchor Points ကိုသွားပါ။ ဒီပုံကိုပဲ ဆက်ကြည့်ပါ။ Delete Anchor Point Tool (-) ကိုယူပါ။ စတုရန်းရဲ့ ထောင့်စွန်းလေးခုကို ဖျက်ဖို့ ထောင့်စွန်းတွေကို နှိပ်ပါ။ ထောင့် သင်္ကေတ ရလာပါမယ်။

add anchor point

၆၊ အကွက်အဆင် ကို ဘယ်လို ဖန်တီးပြီး သိမ်းဆည်းမလဲ။

အဆင့် ၁

Rectangle Tool (M) ကိုသုံးပြီး 200 x 100 px ပုံကို ဖန်တီးပါ။ အနီရောင် ဖြည့်ပါ။ Opacity ကို 30% ထိလျှော့ချပါ။

appearance panel

အဆင့် ၂

သင်္ကေတပုံတွေကို အပေါ်ဘက်ရွှေ့ပါ (Shift-Control-]) ။ ပြီးရင် အောက်ကအတိုင်း နေရာချပါ။

place symbols

အဆင့် ၃

ထောင့်နဲ့ ဘိန့် သင်္ကေတ တွေကို select မှတ်ပြီး ရှိပြီးသား အရောင်ကို R=220 G=40 B=20 အရောင်နဲ့ အစားထိုးပါ။

red

အဆင့် ၄

အနီရောင် ထောင့်မှန်စတုဂံကို select ပြန်မှတ်ပြီး fill မှာ ရှိတဲ့ အရောင်ကို ဖယ်ထုတ်ပါ။ အကွက်အဆင် အနေနဲ့ သတ်မှတ်ပေးဖို့ အတွက် ဒီထောင့်မှန်စတုဂံနဲ့ သင်္ကေတ ပုံလေးခု ကို select မှတ်ပြီး Swatches panel (Window > Swatches) ထဲဆွဲထည့်ပါ။

save pattern

၇၊ အကွက်အဆင် ကို ဘယ်လို အသုံးချပြီး ဘယ်လိုချိန်ညှိမလဲ။

အဆင့် ၁

Rectangle Tool (M) ကို သုံးပြီး 610 px စတုရန်း တစ်ခု ဖန်တီးပါ။ R=240 G=240 B=240 အရောင်ဖြည့်ပါ။

square

အဆင့် ၂

စတုရန်းပုံ အကြီးကို select မှတ်ထားဆဲ ဖြစ်နေပါစေ။ Add New Fill ကို သုံးပြီး ဒုတိယ fill တစ်ခု ထပ်ထည့်ပါ။ fill အသစ်ကို select မှတ်ပြီး Swatches panel ထဲက အကွက်အဆင် ကို သုံးပါ။

add new fill

အဆင့် ၃

နောက်ဆုံးမှာ ဒါကတော့ သင့်ရဲ့ အကွက်အဆင် ဒီဇိုင်းကို လိုသလို သုံးနိုင်တဲ့ နည်းစနစ် တစ်ခုပါပဲ။ စတုရန်းပုံ အကြီး ကို select မှတ်ထားဆဲ ဖြစ်နေပါစေ။ Appearance panel ကိုသွားပါ။ အကွက်အဆင် ဖြည့်ထားတဲ့ ပုံကို select မှတ်ပြီး Effect > Distort & Transform > Transform ကိုသွားပါ။

Scale ဘားနှစ်ခုလုံးကို 50% ထားပါ။ Angel ကို 25 degrees ထားပါ။ OK ကို မနှိပ်ခင် Transform Patterns ကို check လုပ်ထားပေးပါ။ ဒါက live effect တစ်ခုပါ။ ဆိုလိုတာက Appearance panel ကို အမြဲတမ်း ပြန်သွားနိုင်ပြီး ဒီ effect တွေကိုနှိပ်ပြီး ပြောင်းလဲမှု တွေကို သင်ကြိုက်သလို ချိန်ညှိနိုင်ပါတယ်။

transform effect

ဂုဏ်ယူပါတယ်။ ပြီးစီးပါပြီ။

ဒါကတော့ ဖြစ်လာမဲ့ ပုံပါ။ ဒီ သင်ခန်းစာ ကို ကြိုက်မယ်လို့ မျှော်လင့်ပါတယ်။ နောက်ပိုင်း ပရောဂျက်တွေမှာလည်း ဒီနည်း ကို သုံးနိုင်မယ် လို့ မျှော်လင့်ပါတယ်။

နောက်ဆုံးပုံကို သင်ကြိုက်သလို လွတ်လွတ်လပ်လပ် ဖန်တီးပါ။ အသစ်အဆန်း ရင်းမြစ်တွေကို GraphicRiver မှာ ရှာနိုင်ပါတယ်။ သင့် ဒီဇိုင်းတိုးတက်ဖို့ စိတ်ဝင်စားဖွယ် ဖြေရှင်းနည်းတွေ ပါ ပါပါတယ်။

final product
Advertisement
Advertisement
Looking for something to help kick start your next project?
Envato Market has a range of items for sale to help get you started.