Students Save 30%! Learn & create with unlimited courses & creative assets Students Save 30%! Save Now
Advertisement
  1. Design & Illustration
  2. Text Effects
Design

သုံးဖက်မြင် စာသားဒီဇိုင်းကို Adobe Illustrator မှာ ဘယ်လို ဆွဲမလဲ။

by
Difficulty:BeginnerLength:ShortLanguages:

Burmese (မြန်မာစာ) translation by Saw Aung Thinn (you can also view the original English article)

Final product image
What You'll Be Creating

သုံးဖက်မြင် စာသားဒီဇိုင်းကို Adobe Illustrator မှာ ဘယ်လို ဖန်တီးရမလဲ ဆိုတာကို အောက်က အဆင့်တွေ ကနေ လေ့လာပါမယ်။

ကနဦး စဆွဲတဲ့ သူတွေအတွက် ရိုးရှင်းတဲ့ နောက်ခံ ပုံရိပ် ကို ဘယ်လို ဖန်တီးရမလဲ၊ အခြေခံ စာသားတွေကို ဘယ်လို ပေါင်းထည့်ရ မလဲ ဆိုတာကို လေ့လာပါမယ်။ စာသား တစ်စိတ်တစ်ပိုင်းနဲ့ 3D Rotate text အလုပ်လုပ်ပုံ ကို သုံးပြီး အဓိက ပုံကိုယ်ထည် ကို ဘယ်လို ဆွဲရမလဲ ဆိုတာ လေ့လာပါမယ်။ ဆက်ပြီး စာသားကို တွင်းပုံစံ အနေအထား လုပ်ဖို့ လိုအပ်တဲ့ 3D Extrude၊ Bevel effect နဲ့ mask၊ blend နည်းစနစ် တွေကို ဘယ်လို သုံးရမလဲ ဆိုတာ လေ့လာပါမယ်။ နောက်ဆုံးမှာ ဒီဇိုင်းအတွက် အရိပ် တွေကို ဘယ်လို ထည့်ရမလဲ၊ မျက်စိ အေးတဲ့ အသွင်ပြင်ကို ဘယ်လို ထည့်မလဲဆိုတာ လေ့လာပါမယ်။

သင့်ရဲ့ နောက်ဆုံး စာသားဒီဇိုင်း ကို ပိုပြီးဆန်းသစ် စေဖို့ ဒါမှမဟုတ် အနေအထားကို ပိုပြီး ဆန်းသစ်စေချင် ရင်တော့ GraphicRiver မှာ အရင်းမြစ် များစွာကို မြင်တွေ့နိုင် ပါတယ်။

ဘာတွေလိုအပ်လဲ။

ဒီ ပရောဂျက် ကို ပြီးအောင် လုပ်ဖို့ အောက်က အရင်းမြစ်တွေ လိုပါမယ်။

၁၊ Document အသစ်တစ်ခု နဲ့ နောက်ခံပုံရိပ် ကို ဘယ်လို ဖန်တီးမလဲ။

အဆင့် ၁

Control-N ကို နှိပ်ပြီး document အသစ်တစ်ခု ဖန်တီးပါ။ Units drop-down menu ကနေ Pixels ကိုရွေးပါ။ width နေရာမှာ 850၊ height နေရာမှာ 600 ဖြည့်ပါ။ ပြီးရင် More settings ကိုနှိပ်ပါ။ Color Mode အတွက် RGB ကိုရွေးပါ။ Raster Effects မှာ Screen (72 ppi) ထားပြီး Create Document ကို နှိပ်ပါ။

ပုံတွေရဲ့ အရွယ်အစားနဲ့ နေရာ အခင်းအကျင်း တွေကို ပြန်ကြည့်ဖို့ အတွက် Info panel (Window > Info) ကို ဖွင့်ပါ။ ပြီးရင် Edit > Preferences > Units မှာ အတိုင်းအတာ ယူနစ် ကို pixels ထားပေးထားပါ။ ဒီရွေးချယ်မှု က သင့်ရဲ့ အလုပ်လုပ်နှုန်း ကို သိသိသာသာ တိုးတက် စေပါတယ်။

new document

အဆင့် ၂

Rectangle Tool (M) ကိုယူပြီး Toolbar ဘက်ကို ကြည့်ပါ။ stroke ရဲ့ အရောင်ကို ဖယ်ပြီး fill ကိုရွေးပါ။ သူ့အရောင်ကို R=255 G=180 B=0 ထားထားပါ။

Rectangle window ကိုဖွင့်ဖို့ ပုံဆွဲဧရိယာ (artboard) ပေါ်တစ်ချက် နှိပ်ပါ။ Width ကို 870 pxHeight ကို 630 px ထားပြီး OK ကို နှိပ်လိုက်ပါ။ ခုဆွဲလိုက်တဲ့ ပုံအသစ်က ပုံဆွဲဧရိယာ တစ်ခုလုံးကို ဖုံးနေပါစေ။

rectangle tool

၂၊ ပင်မ စာသားကို ဘယ်လို ဖန်တီးမလဲ။

အဆင့် ၁

Type Tool (T) နှိပ်ပြီး Character panel (Window > Type > Character) ကိုဖွင့်ပါ။ Etna font ကိုရွေးပြီး အရွယ်အစားကို 250 px၊ tracking ကို 100 ထားပေးပါ။

ပုံဆွဲ ဧရိယာ ပေါ်နှိပ်ပြီး အောက်က အတိုင်း စာရိုက်ထည့်ပါ။ အရောင်ကို R=255 G=150 B=0 ထားပေးပါ။ စာသားကို  select မှတ်ပြီး ကော်ပီ ကူးထားပါ။ ဒီကော်ပီ က နောက်ပိုင်းမှာ လိုပါလိမ့်မယ်။

type tool

အဆင့် ၂

စာသား ကို select မှတ်ထားပြီး Effect > 3D > Rotate ကိုသွားပါ။ အောက်က အချက်အလက် အတိုင်း ဖြည့်ပြီး OK နှိပ်ပါ။

3D rotate

အဆင့် ၃

စာသားကို select မှတ်ထားဆဲ ဖြစ်နေပါစေ။ ပြီးရင် Object > Expand Appearance ကိုသွားပါ။ ပထမဆုံး Ungroup (Shift-Control-G) လုပ်ပါ။ Release clipping mask (Alt-Control-7) ကိုနှိပ်ပါ။ ပြီးရင် ရလာတဲ့ ပုံကို Ungroup (Shift-Control-G) ထပ်လုပ်ပါ။

စာသား ပတ်လည်က ပုံကို select မှတ်ပြီး ဖျက်ပါ။ စာလုံးတွေကို select မှတ်ပြီး compound path (Object > Compound Path > Make or Control-8)အဖြစ်ပြောင်းပါ။

expand appearance

အဆင့် ၄

compound path ကို select မှတ်ထားပါ။ Effect > Stylize > Drop Shadow ကိုသွားပါ။ အောက်က အချက်အလက် အတိုင်း ဖြည့်ပြီး OK ကို နှိပ်ပါ။

drop shadow

၃၊ သုံးဖက်မြင် ပုံစံစာသား ကို ဘယ်လို ဖန်တီးမလဲ။

အဆင့် ၁

ရှေ့က ကော်ပီကူး ထားခဲ့တာကို ပြန်ထည့်ဖို့ Control-F ကို နှိပ်ပါ။  အရောင် ကို R=153 G=153 B=153 ထားပေးပါ။

copy text

အဆင့် ၂

မီးခိုးရောင် စာသားကို select မှတ်ပြီး Effect > 3D > Extrude & Bevel ကိုသွားပါ။ More Options ကိုနှိပ်ပြီး အောက်က အချက်အလက် အတိုင်း ဖြည့်ပါ။ Draw Hidden Faces အကွက်ကို အမှန်ခြစ် ခြစ်ဖို့ မမေ့ပါနဲ့။ ပြီးရင် OK ကို နှိပ်ပါ။

3D extrude bevel

အဆင့် ၃

မီးခိုးရောင် စာသားကို select မှတ်ထားဆဲ ဖြစ်နေပါစေ။ ပြီးရင် Object > Expand Appearance ကိုသွားပါ။ Direct Selection Tool (A) ကိုနှိပ်ပါ။ စာသားရဲ့ မျက်နှာစာ (ပထမ ပုံမှာ ပြထားပါတယ်) ကို select မှတ်ပြီး ဖျက်ပါ။ နောက်ဆုံးမှာ စာသားပုံစံက ဒုတိယ ပုံရဲ့ ပုံစံ အတိုင်း ဖြစ်ရပါမယ်။

ungroup

အဆင့် ၄

Move Tool (V) ကိုနှိပ်ပြီး ကနဦး ဖန်တီးခဲ့တဲ့ လိမ္မော်ရောင် compound path ကို select မှတ်ပါ။ (ပထမပုံမှာ ပြထားတဲ့ အတိုင်း) compound path ကို အသားပေးဖို့ သူ့ရဲ့ အစွန်းတွေကို နှိပ်ပါ။ ပြီးရင်  Align panel (Window > Align) ထဲက Vertical Align Top ကို နှိပ်ပါ။

align

အဆင့် ၅

လိမ္မော်ရောင် compound path ကို select မှတ်ပါ။ (Control-C > Control-F) ကို နှိပ်ပြီး ကော်ပီ ထပ်ထည့်ပါ။ ပြီးရင် အပေါ်ဘက်မှာ ထားပေးပါ (Shift-Control-]) ။ ပုံအသစ်ကို အဖြူရောင် (R=255 G=255 B=255) ဖြည့်ပါ။

white shape

အဆင့် ၆

အဖြူရောင် compound path ကို ပုံအုပ်စုနဲ့ အတူ select မှတ်ပါ။ Transparency panel (Window > Transparency) ထဲကနေ Make Mask ကိုနှိပ်ပါ။

make mask

အဆင့် ၇

ရလာတဲ့ ပုံက select မှတ်ထားဆဲ ဖြစ်နေပါစေ။ ပြီးရင် Blending Mode ကို Exclusion ပြောင်းပါ။

blend mode

၄၊ မျက်စိအေးတဲ့ အသွင်ပြင် ကို ဘယ်လို ထည့်မလဲ။

အဆင့် ၁

အဝါရောင် ထောင့်မှန်စတုဂံ ကို select မှတ်ပါ။ ပြီးရင် (Control-C > Control-F) သုံးပြီး ကော်ပီ တစ်ခု ထပ်ထည့်ပါ။ ပြီးရင် အပေါ်ယံကို  ရွေ့ထားပါ (Shift-Control-]) ။

ပုံအသစ်ကို select မှတ်ထားပါ။ ပြီးရင် Appearance panel (Window > Appearance) ကိုသွားပါ။ Fill ကိုရွေးပါ။ သူရဲ့ Blending Mode ကို Overlay ပြောင်းပါ။ ပြီးရင် အောက်မှာ ပြထားတဲ့ အတိုင်း linear အရောင်ပြေးနဲ့ အစားထိုးပါ။ ညာဘက် အရောင်ပြေး အညွှန်းဘားအမှတ် (gradient slider) ကို နှိပ်ပြီး သူ့ရဲ့ opacity ကို 0% ထိ လျှော့ချပါ။

linear gradient

အဆင့် ၂

ပြီးခဲ့တဲ့ အဆင့်မှာ ထည့်ခဲ့တဲ့ ပုံကို select မှတ်ထားပါ။ ပြီးရင် Appearance panel (Window > Appearance) ကို သွားပါ။

Add New Fill ကိုသုံးပြီး ဒုတိယ fill တစ်ခုကို ထည့်ပါ။ ပြီးရင် select မှတ်ပါ။ အမည်းရောင် (R=0 G=0 B=0) ထား ထားပါ။ Opacity ကို 7% ထိ လျှော့ချပါ။ Blending Mode ကို Overlay ပြောင်းပါ။ ပြီးရင် Effect > Artistic > Film Grain ကိုသွားပါ။ အောက်က အချက်အလက် အတိုင်း ဖြည့်ပြီး OK ကို နှိပ်ပါ။

film grain

ဂုဏ်ယူပါတယ်။ ပြီးဆုံးပါပြီ။

ဒါကတော့ သင်ရဲ့ သုံးဖက်မြင်စာသား ပုံစံ က ဘယ်လိုမျိုးလဲ ဆိုတာပါပဲ။ ဒီသင်ခန်းစာ ကို ကြိုက်မယ်လို့ မျှော်လင့်ပါတယ်။ နောက် ပရောဂျက် တွေမှာလည်း ဒီနည်းစနစ်ကို သုံးနိုင်ပါတယ်။ comment ထဲမှာ သင်ရဲ့ ပုံကို မျှဝေဖို့ ဝန်မလေးပါနဲ့။

သင်စိတ်ကူးအတိုင်း ပုံဒီဇိုင်းကို လွတ်လွတ်လပ်လပ် ပြင်ဆင်ပါ။ သင့်ရဲ့ ဒီဇိုင်း ကို တိုးတက်စေဖို့ GraphicRiver မှာ ဆန်းသစ်တဲ့ ရင်းမြစ်တွေကို ရှာတွေ့ နိုင်ပါတယ်။

3D text art effect

ဒါနဲ့ ခပ်ဆင်ဆင် သင်ခန်းစာတွေ ကို ရှာနေပါသလား။ အောက်က အရာတွေကို ဘာလို့ မစစ်ဆေးတာလဲ။

Advertisement
Advertisement
Looking for something to help kick start your next project?
Envato Market has a range of items for sale to help get you started.